မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျန်းမာပျော်ရွှင်မှုကို ရင်ဝယ်ပိုက်ပြီး ကြည်းနူးမှုကို ခံစားနိုင်ပါစေ
အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတဲ့ (Information Technology) IT ခေတ်ကို “ကဲ…….. မိတ်ဆွေအ ပေါင်း တို့ ကြိုဆိုလိုက်ကြရအောင်ဗျာ!” ဆယ်လူးလာဖုန်းများ Fax များ E-mail များ ပေါ်လာသဖြင့် ဆက်သွယ် ရေးပိုင်းတွင် ဘက်စုံနဲ့အဆမတန်တိုးပွါးလာသည်ကို မျက်မြင်ကိုယ်တွေ့ပါ။ ခရီကျုံ့ အချိန်ကျုံ့ ပြီး အကျိုးများ လာသည်မှာ အငြင်းအပွားစရာ မရှိပါ။ သိုသော် တီထွင်သူတွေ လောကကြီးအတွက် အကျိုးဖြစ်ထွန်းအောင် တီထွင်ထားသော်လည်း သုံးစွဲသူတွေ အကျိုးမဲ့အောင် (ရှိုးပြရအောင်) သုံစွဲနေသဖြင့် ဝမ်းနည်းစွာ မြင်တွေ့နေ ရ ပါသည်။ အထူးသဖြင့် လက်ကိုင်ဖုန်းများ ကိုင်တွယ်အသုံပြုသူအချို့၏ အသိတရားလစ်ဟင်းမှုမှာ ပတ်ဝန်း ကျင်အတွက် စိတ်ပျက်စရာကောင်းလှတဲ့
အနှောင့်အယှက်သဖွယ် ဖြစ်နေပါသည်။ ထို့ကြောင့် ဖုန်းကြောင့်တ ပါးသူ စိတ်အနှောင့်အယှက် မဖြစ်မိစေဖို့ ကျွန်တော့်မိတ်ဆွေတွေအတွက် ဖုန်းယဉ်ကျေးမှုကို ဖော်ပြ လိုက်ပါ တယ်။
ဆယ်လူးလာဖုန်း ယဉ်ကျေးမှုသည် လူစည်းကာရာအရပ်၌ အသုံပြုရန်ဖြစ်သည်။ ပတ်ဝန်ကျင် အနှောင့်အယှက် မရစေရန်အလို့ငှာ ဖုန်းမြည်သံကို အတတ်နိုင်ဆုံး အသံတိုးထားပါ။ ဖုန်းကိုအိမ်၌ထားရန်အကောင်းဆုံအချိန်မှာ အသုဘလိုက်ပို့စဉ် ထိမ်းမြားပွဲတက်ရောက်စဉ် နှင့်ခပ်ဆင်ဆင်အခမ်းအနားများ၌ ဖြစ်သည်။
ဆယ်လူးလာဖုန်း၏ ယဉ်ကျေးမှု စည်းမျဉ်းများပါဝင်သည်မှာ -
ဖုန်းပိတ်ထားခြင်း------ ဖုန်းကို မည်သည့်အခါ မျိုးမှာ ဖုန်းပိတ် (သို့) တုန်းခါမှုဖြင့် နှိုးဆော်ခလုတ်ကို ဖွင့်ရမည် ဆိုသာ သိထားသင့်သည်။ ဥပမာ- အစည်းအဝေး၊ ဝတ်ပြုရာနေရာ၊ ဘတ်စကားအတွင်း ခွဲစိတ်ခန်း။
လိုရင်းတိုးရှင်းပြောပါ----------------- ဖုန်းလာစဉ် သင်သည် မိတ်ဆွေများနှင့်ရှိနေလျှင် ဖုန်းပြောခြင်းကို တိုတိုပဲ ထားပါ။
ခွင့်ပန်ထားပါ------------- မကြာခဏဆိုသလို အစည်းအဝေး စတင်စဉ် သင်သည် အရေးကြီးသော ဖုန်းတခု စောင့်ဆိုင်းနေမယ်ဆိုရင် အများသူအား အသိပေးပြီး သူတို့ထံမှ ခွင့်ပြုခြင်းကို ကြိုတင်ရယူထားပါ။
မအော်ပါနှင့်---------- မအော်ပါနှင့်။ သာမာန်လေသံထက်ပို နိမ့်သော လေသံဖြင့်ပြောပါ။ သင့်ထံဟဖုန်း သူ သာကြားရပြီး အခန်းအတွင်းရှိ အခြားသူများ ကြားရခြင်း မဟုတ်ပါ။ စားသောက်ဆိုင် (သို့) အများအလည်မှာ ရောက်နေမည်ဆိုလျှင် အပြင်သို့ တစ်မိနစ်ခန့် ထွက်ပြီး ဖုန်းပြောပါ။
အာရုံနှောက်ယှက်မှုကိုရှောင်ပါ---------------- အခြားသူများအာရုံနှောက်ယှက်စေမည် ရောမျိုး၌ ဖုန်းပြော ခြင်းကိုရှောင်ပါ။ စကားပြောစဉ် အခြားသူများနှင့် အနည်ဆုံး (၁၀) ပြောခန့် ခွာနေရမည်။
အလုပ်မပိုပါစေနှင့် -------- ဈေးဝယ်စဉ် ဘဏ်ငွေသွင်း/ထုပ်စဉ် (သို့) အင်တာဗျူဖို့ တန်းစီနေစဉ် ဖုန်းမပြော ပါနှင့်။
သတိထားပါ --------- ကားမောင်စဉ် ဖုန်းပြောခြင်းကိုရှောင်ပါ။ နိုင်ငံအတော်များများတွင် တရားမဝင်ပါ။
အထက်ပါ စည်းမျဉ်းများကို မလွှဲမသွေလိုက်နာပါတယ်လို့ရည်ရွယ်ပြီး ဖုန်းသုံးတဲ့ ကျွန်တော်မိတ်ဆွေတွေအ တွက် တင်ပြလိုက်ပါတယ် ခင်းဗျား။
Top English for Today and Tomorrow May,2004.
Cellular Phone Etiquette မှကောက်နှုတ်တင်ပြထားပါသည်
ဆယ်လူးလာဖုန်းဖြင့် အစစအရာရာအဆင်ပြေချောမွေနိုင်ပါစေ
မင်းဗါယ်
No comments:
Post a Comment